Saturday, November 26, 2011
origami Shark Instructions
Valley fold the top right flap along the horizontal line shown. Then make another vertical valley fold:
Make two (2) more valley folds as shown.
Then fold the back left side of the piece from left to right. Now grip the origami at points B and C as shown, pulling point B a little to the left, then re-crease the piece.
Next, fold the right side over to the left around the vertical.
Now rotate the piece 90 degrees counter-clockwise. Make an outside reverse fold along the line shown:
Now your origami shark is complete! Add eyes and teeth if you like:
From reader in Bacolod:
Friday, November 25, 2011
ဘ၀အတွက် သင်ခန်းစာ
တခါတုန်းက ဘုန်းကြီးတစ်ပါးနဲ့ ကိုရင်လေးတစ်ပါးဟာခရီးတစ်ခုကို အတူတူထွက်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ခရီးလမ်းမှာ မြစ်တစ်ခုကို ဖြတ်ကူးဖို့ဖြစ်လာပါတယ်။ တံတားကလည်း အိုမင်းပျက်စီးနေပါပြီ။မြစ်ကို ဖြတ်ကူးဖို့ဆိုရင် တံတားကို မသုံးပဲ ရွှံ့ရေထဲကနေ ဖြတ်လျှောက်မှ ရမှာပါ။ ဒီအချိန်မှာ ဘုန်းတော်ကြီးတွေလိုပဲ မြစ်ကို ဖြတ်ကူးဖို့ မိန်းမချောလေးတစ်ယောက်လည်း ရောက်လာပါတယ်။သူမ မြစ်ကို ဖြတ်မကူးနိုင်ဘူးဖြစ်နေတာပေါ့။ဘုန်းတော်ကြီးက မိန်းကလေးကို သူကျောပိုးပြီးခေါ်သွားမယ်လို့ ပြောတော့ မိန်းကလေးကလည်း လက်ခံလိုက်ပါတယ်။ဘုန်းတော်ကြီးရဲ့ ဒီလုပ်ရပ်ကို ကြားတော့ ကိုရင်လေးဟာ အလွန်ထတ်လန့် အံ့သြသွားပါတယ်။ တရားတော်မှာ မာတုကာမ တွေနဲ့ လုံးဝ ပတ်သတ်ထိတွေ့ချင်းမရှိရလို့ သင်ကြားထားရတယ်မလား။ ဒါပေမယ့် ကိုရင်လေးဟာ ဆိတ်ဆိတ်သာနေနေပါတယ်။
ဘုန်းတော်ကြီးက မိန်းကလေးကို ကျောပေါ်တင်ပြီး မြစ်ကိုဖြတ်ကူးပါတယ်။ကိုရင်လေးကတော့ နောက်ကနေ စိတ်ညစ်ညူးစွာနဲ့လိုက်ခဲ့ရတာပေါ့။မြစ်တဖက်ကမ်းရောက်တော့ ဘုန်းတော်ကြီးဟာ မိန်းကလေးကို ချပြီး လမ်းခွဲထွက်လာခဲ့ပါတယ်။
ခရီးဆက်ထွက်ခဲ့တာ မိုင်ပေါင်းတော်တော်လေးရောက်လာတဲ့ ထိအောင် ကိုရင်လေးရဲ့စိတ်မှာ မပျော်ရွှင်နိုင်သေးပါဘူး။ ဘုန်းတော်ကြီးရဲ့ လုပ်ရပ်ကို တွေးတွေးပြီး သူ့စိတ်မှာ အခဲမကျေနိုင်ဖြစ်နေတာပေါ့။ဒါပေမယ့် သူက ဆိတ်ဆိတ်သာနေပါတယ်။ တခွန်းမှ မပြောဘူးပေါ့။
နာရီပေါင်းများစွာခရီးနှင်ပြီး အပန်းဖြေစခန်းတစ်ခုကိုရောက်တဲ့ အချိန်မှာတော့ ကိုရင်လေး လုံးဝ သည်းမခံနိုင်တော့ပါဘူး။ ဘုန်းတော်ကြီးကို မျက်နှာချင်းဆိုင် ဖြေရှင်းတော့တာပေါ့။" ကိုယ်တော်ဟာ သန့်ရှင်းစင်ကြယ်တဲ့ ဘုန်းတော်ကြီးလို့ ဘယ်လို ပြောနိုင်တော့မှာလဲ....မိန်းကလေးတစ်ယောက်ကို ထိခဲ့တဲ့နောက်တော့ ကိုယ်တော်ဟာ ရိုးသားဖြူစင်နိုင်ပါတော့မလား.....ဘာကြောင့်ပါလဲ...သူမဟာ လှပလို့လား...? "
ဒီစကားကို ဘုန်းတော်ကြီးကြားတော့ ဘုန်းတော်ကြီးက ကိုရင်လေးကို အထူးတဆန်းကြည့်ပြီးမေးလိုက်ပါတယ်...။
" ငါက မိန်းကလေးကို လွန်ခဲ့တဲ့ နာရီပေါင်းများစွာသတည်းက ချထားခဲ့ပါပြီ.....မင်းကတော့ သူမကို ဒီအထိခေါ်လာခဲ့တာလား...."။။။။။။။။။။။
မှတ်ချက်။ ။ ဒီပုံပြင်လေးဟာ ရှေးဟောင်းတရုတ်ပုံပြင်လေးပါ။ဒီနေ့ခေတ်လူသားတွေအတွက် တွေးစရာတွေအများကြီးပါတာပေါ့။ကျွန်ုပ်တို့ရဲ့ဘ၀မှာ စိတ်မချမ်းသာစရာ၊ စိတ်ညစ်ညူးစရာ၊ ဒေါသထွက်စရာ အဖြစ်အပျက်တွေ အများကြီးနဲ့ကြုံတွေ့ခဲ့ရမှာပါ....။ဒါပေမယ့် ကျွန်ုပ်တို့ဟာ ကိုရင်လေးလိုပဲ ဒီအရာတွေကို ဘ၀တလျှောက်သယ်ပိုးလာခဲ့ပါတယ်။စိတ်မချမ်းသာစရာ အဖြစ်အပျက်တွေကို အဲဒီ့နေရာ အဲဒီ့ အချိန်မှာပဲ ထားခဲ့လိုက်ပါ။ ဘ၀ကို ဆက်လျှောက်ဖို့သင်ယူနိုင်ပါစေ.......

ပညာရှိ အဆိုအမိန်လေးများ
ဖြေးဖြေးဖတ် များများ တွေးနိုင်ပါစေ.....
အပြုအမှု တစ်ခု ကို စိုက်ပျိုးလိုက်ပါ
အကျင့်တစ်ခု ရိပ်သိမ်း ရလိမ့်မည်။
အကျင့် တစ်ခု ကိုစိုတ်ပျိုး လိုက်ပါ
စာရိတ္တတစ်ခုကရိပ်သိမ်းရလိမ့် မည်။
စာရိတ္တ တစ်ခုကို စိုက်ပျို လိုက်ပါ
ဘ၀ ပန်းတိုင် တစ်ခုကို ရိပ်သိမ်းရလိမ်မည်။
.....*****+*****......
ကိုယ် က ကြိုက်လို.ကောင်းတာ ထက်
ကောင်းတာ မို.လို. ကြိုက်တယ်ဆိုရင်
အကောင်းဆုံး ကို ရနိုင်တာပေါ.
· ** * * + ******.......
မမှားသောရှေ.နေ မသေသော ဆေးသမား"တဲ.
ဒီဖြေဆေးဟာ ဆေးယဉ်သွားရင်
် ရောဂါ ကျွမ်းတတ်တယ်။
မမှားတာ အကောင်းဆုံးပဲ။
...... ******=********.....
သင်သည် လောက ကို
အကောင်းဆုံး အရာကို သာပေးလိုက်ပါ
လောကကြီးကလည်း သင့်ကို
အကောင်းဆုံး အရာတို့ဖြင့် တုံပြန်ပါလိမ့်မယ်…။။
........*****+******.....
"ဘေး" ကိုကြည်.လွန်းအားကြီးရင် "ဘေး" တွေ.တတ်တယ်။
· · · .............................................................. · · ·
အမြင်.ရောက်မှ အမြင်ကျယ်တာထက်
အမြင်ကျယ်လို. အမြင်.ရောက်တာက ပိုကောင်းတယ်။
.......*****+*****.......
မိမိလိုချင်တာရလိုက်နိုင်မှု သည်
အောင်မြင်မှရထားတာကို
နှစ်သက်တန်းဖိုးထားခြင်း သည် ပျော်၇ွှင်မှု။
......*****+*****......
အဟုတ်ပါလားလို. ထင်ထားသမျှတွေဟာ
လွဲနေတတ်သလို
မဟုတ်ဘူးလို. မြင်သမျှတွေကလည်း
မှန်နေတတ်ပြန်တယ်။
.......******+*****.....
ပြသာနာ ဆိုတာ လောကရဲ
ဂုဏ်ပုဒ် တစ်ခုပါ။
ကိုယ်နဲ.သိပ်မဆိုင်ရင် ပြသာနာက သေးတယ်၊
များများဆိုင်ရင် ပြသာနာက ကြီးလာပြီ။
လုံးဝမဆိုင်ရင်တော
ပြသာနာ မရှိတော.ပါဘူး။
· * * * + * * *…….
စိတ်ပိုင်း အရစနစ်တကျလေ့ကျင့်သူသည်
် ဥစ္စာဓန တိုးပွားလာဖို့ အလားအလာ များ၏
ပျင်းရီခြင်းက ကျမ်းမာေ၇း ကိုကော ဥစ္စာ ဓန ကိုပါ
ချည်နဲ့စေပါသည်။။။
........***+***......
"စေတနာသည် လူတိုင်းနဲ. မတန်" သည် မဟုတ် · ·
လူတိုင်ထားနိုင်ဖို.သာ လိုအပ်ပါတယ်။
လူတိုင်းနဲ. တန်တဲ. စေတနာမျိုးဖြစ်ဖို့တော့ လိုတာပေါ့။
....*****=******...........
ဆင်းရဲသားများနဲ့ လူလတ်တန်းစားများက
ဝင်ငွေရဖို့ အလုပ် လုပ်သည်….
ချမ်းသာသူများတွင် သူတို့ ကို
ို အလုပ်အကျွေးပြုမည့် ငွေ၇ှိသည်။
ဆင်းရဲသားများလို ၀င်ငွေ၇ဖို့
အလုပ် လုပ်ခြင်း မဟုတ်…။။။။
………***+***………..
လေးစားထိုက်တဲ.သူရဲ.
စကားကိုမှ နားထောင်ကြတာ။
ကိုယ်.စကားကို နားထောင်စေချင်ရင်
် လေးစားထိုက်အောင် နေပေါ.။
· * * * + * * *
ဘုရားသခင်သည် ငှက်တိုင်းအတွက်
တီကောင်း ကို ပေးသည် သိုသော်…
အသိုက်ထဲသို့ အရောက်ချပေးမည် မဟုတ်ပါ…။။
……….***+***…………
သူများ ပေးစာ ကျွေးစာ
တစ်ထောင်ဖိုး စားရတာထက်
ကိုယ်.လုပ်စာ တစ်ကျပ်ဖိုးက ပိုပြီး မြိန်တယ်။
· * * * + * * *့
စိတ်ချမ်းသာတဲ့ လူဟာ
အမြင်မှန်တယ် သဘာသ ကျကျ မြင်တယ်
အကောင်း အဆိုး ရောနှောနေတယ်လို့ မြင်တယ်…….. ………
****+******့်
စိတ်ဆိုးနေတဲ.အခါ ကောင်းတဲ. စိတ်နဲ.လဲ လိုက်ပါ။
ရှုပ်နေရင် ရှင်းတဲ.စိတ်
ပူနေရင် အေးတဲ.စိတ်
နောက်နေရင် ကြည်တဲ.စိတ်နဲ.
ချက်ချင်းလဲလိုက်ပါ။
* * * + * * *
ခုလိုဖတ်၇ူ့ပေး သွားတဲ့ အတွက် ကျေးဇူး
အထူးတင်၇ှိပါကြောင်း.....

Subscribe to:
Comments (Atom)